Monday, November 30, 2009

ပြည်သူတို့၏ စားဝတ်နေရေးကို မျက်ကွယ်ပြုလျှက် နေပြည်တော်တွင် ဟိုတယ်အသစ်ကြီး ထပ်မံတည်ဆောက်ထား

ပြည်သူတို့၏ စားဝတ်နေရေးကို မျက်ကွယ်ပြုလျှက် နေပြည်တော်တွင် ဟိုတယ်အသစ်ကြီး ထပ်မံတည်ဆောက်ထား


ဖြိုးဝေ-mmp | နိုဝင်ဘာလ၊ (၂၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီး နေပြည်တော်တွင် တည်ဆောက်ထားပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၄င်းဟိုတယ်ဓါတ်ပုံများကို ဝေဝေဆာ ဆာဖော်ပြထားပါသည်။ အဆိုပါ ဟိုတယ်ကို Mount Pleasant Hotel ဟုအမည်ပေးထားပြီး၊ နေပြည်တော်ရှိ ဥတ္တရသီရီမြို့အနီး ဖိုဇောင်တောင်ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဟိုတယ်ဖွဲ့စည်းပုံမှာ ပင်မဟိုတယ် အဆောက်အဦးအပါအဝင် လုံးချင်းဘန်ဂလိုများပါပါဝင်သည်။

“အခုလို ဟိုတယ်အကြီးကြီး ဆောက်လိုက်တာဟာ ငွေကုန်ကြေးကျအရမ်းများမှာပါ။ ဟိုတယ်ဆောက်တာ မကောင်းဖူးလို့မပြောလိုပါဖူး၊ ကောင်းပါတယ်။ ဒါပေမယ့် နေပြည်တော်လိုနေရာမျိုးမှာ ဆောက်တာကိုတော့စိတ်ပျက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဟိုတယ်ရဲ့ဘေးမှာတောအုပ်ကြီး၊ ပြည်တွင်းက ဘယ်သူကမှ အကုန်အကျခံပြီးတည်းမှာ မဟုတ်သလို၊ နိုင်ငံခြားသားဧည့်သည်တွေကလဲ နေပြည်တော်မှာ တည်းမှာမဟုတ်လောက်ပါဖူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်ပါသည်။

ရန်ကုန်၊ ပြင်ဦးလွင်၊ မန္တလေးအစရှိတဲ့ မြို့များတွင် တည်ဆောက်ပါက စိတ်ဝင်စားစရာရှုခင်းတွေ၊ သွားလာလည်ပတ်စရာတွေ များစွာရှိသဖြင့် တည်းခိုသူများအား စိတ်ချမ်းမြေ့ဖွယ်ပေးနိုင်မည်ဖြစ်သည်။ ခရီးသွားတစ်ဦးအနေဖြင့် နေပြည်တော်ကို ရွေးချယ်ဖို့ အတော်ခက်ခဲလှပါသည်။ နေပြည်တော်တွင် နိုင်ငံ့ငွေကြေးကို အမြောက်များသုံးစွဲကာ ဟိုတယ်ဇုန်တွင် ဟိုတယ် ပေါင်း (၂၂) ခု တည်ဆောက်ထားပြီးဖြစ်သည်။

“အဆောက်အဦးတွေဆောက်တဲ့ အတွက် ဒီမိုကရေစီရပြီး၊ နောက်တက်မယ့် အစိုးရအတွက် ပြန်လည်အသုံးဝင်လာမှာပါ။ နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေစားဝတ်နေရေး အရမ်းကိုကျပ်တည်းနေချိန်မှာ စစ်အုပ်စုက ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်ဖို့ကို အဓိကထား လုပ်ဆောင်သင့်တယ်လို့ မြင်တယ်”ဟု အရှင်ထာဝရမှ မိန့်ကြားသွားပါသည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး အစိုးရအဖွဲ့ရုံးအပါအဝင် ဝန်ကြီးဌာနများကို ယခင်မြို့တော်ဟောင်း ရန်ကုန်မှ ပျဉ်းမနားမြို့အနီးသို့ ပြောင်းရွှေ့ပြီး နေပြည်တော် မြို့တော်သစ်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူတို့၏စားဝတ်နေရေးကို မျက်ကွယ်ပြုကာ နေပြည်တော်မြို့သစ်အဖြစ် တည်ထောင်ထားသည်မှာ ယခုဆို ၄ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

ဆက်ဖတ်မည် ...

Sunday, November 22, 2009

(၂၀၁၀) ပြက္ကဒိန်များ။....

Photobucket

Photobucket

ဆက်ဖတ်မည် ...

Monday, November 9, 2009

သုံးရောင်ခြယ်ကျောင်းသားကိုမြတ်စံ၏ဖခင် ဦးမင်းနွယ်ဆွေရဲ့ ဈာပန ဖိတ်ကြားစာ နှင့်ဝမ်းနည်းမှတ်တမ်း။..။

၈၈အရေးအခင်းနောက်ပိုင်းသုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို
တာဝန်ယူနေစဉ်ဒေါ်အောင်ဆန်းစုကြည်၏နောက်တွင်ကိုမြတ်စံ..။



ကိုမင်းကိုနိုင်၏မွေးနေ့တွင်ပါဝင်ခဲ့သောကရင်အကျီင်္အနီနှင့်ကိုမြတ်စံ

Photobucket

၈ရက်နေ့တွင်ရန်ကုန်ဆေးရုးံကြီးအခန်းနံပါတ်(၁၁၊၁၂)။ကုတင်နံပါတ်(၂)တွင်ဆေးရုံးတက်ရင်း
ကွယ်လွန်သွားတဲ့ သတင်းစာဆရာ ဦးမင်းနွယ်ဆွေရဲ့ ဈာပန အခမ်းအနားကိုသားဖြစ်သူ
မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လဲဖြစ် သုံးရောင်ခြယ်ကျောင်းသားလဲဖြစ်တဲ့ ကိုမြတ်စံ လာရောက်ခွင့် ရမယ်မထင်ဘူးလို့
မိသားစုကပြောပါတယ်။

သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်လည်းဖြစ် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်တဲ့ ကိုမြတ်စံကို သူ့ဖခင် မဆုံးပါးခင် အသည်းအသန် ဖြစ်နေချိန်ကတည်းက ထောင်ကို သံကြိုး၇ိုက် အကြောင်းကြားခဲ့သလို ဆုံးပါးချိန်မှာလည်း မြစ်ကြီးနားထောင်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ညီမဖြစ်သူ မသူဇာဝင်းဆွေက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတဲ့ သတင်းစာဆရာ ဦးမင်းနွယ်ဆွေရဲ့ ဈာပန အခမ်းအနားကို
သားဖြစ်သူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမြတ်စံ လာရောက်ခွင့် ရမယ်မထင်ဘူးလို့ မိသားစုက ပြောပါတယ်။

“မောင်နှမတွေအကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်နေပါတယ်၊ အသည်းအသန် ဖြစ်နေတယ်၊ ဆေးရုံတင်ထားတယ်ဆိုပြီး ရေးတာ။ ရေးပြီး ၂ ရက်နေမှ ဆုံးတာ။ ဆုံးတော့ မနေ့က ထောင်ပိုင်ကြီးဆီကို ဖုန်းဆက်ပြီး ကိုမြတ်စံ ကို အကြောင်းကြားပေးပါလို့ ပြောလိုက်တယ်။” ကိုမြတ်စံကို မြစ်ကြီးနားထောင်ပြောင်းလိုက်ချိန်မှာ ဖခင်ဖြစ်သူ ဦးမင်းနွယ်ဆွေက စပြီး ကျန်းမာရေး မကောင်းချိန်နဲ့ တိုက်ဆိုင်နေတာမို့ ကိုမြတ်စံထောင်ဝင်စာကို မိသားစုက အခုအထိ သွားမတွေ့နိုင်ကြပါဘူး။

ဖခင်ဖြစ်သူက မဆုံးပါးခင်မှာ သားဖြစ်သူ ကိုမြတ်စံကို တွေ့ချင်တဲ့ဆန္ဒ ရှိတယ်လို့လည်းညီမဖြစ်သူက ပြောပါတယ်။ကိုမြတ်စံရဲ့ဖခင်ဖြစ်သူဦးမင်းနွယ်ဆွေဟာ အိုးဝေဂျာနယ်နဲ့ကြေးမုံသတင်းစာ
တွေမှာ ဆောင်းပါးတွေ ရေးသားခဲ့သူ သတင်းစာဆရာ တဦးဖြစ်သလို ပန်းဘဲတန်းမြို့နယ် စာနယ်ဇင်း
အဖွဲ့ရဲ့ နာယက အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ ကိုမြတ်စံရဲ့မိခင်ဖြစ်သူက ဆိုဗီယက်ပြန် အကနည်းပြ ဆရာမကြီး ဒေါ်ဝင်းဝင်းဝါဖြစ်ပြီး ညီဖြစ်သူ ကိုစိုးနိုင်တို့က နိုင်ငံရေးအကျဉ်းသား ကျောင်းသား
ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

ကျမ မြတ်လေးငုံ ကလဲ ကိုမြတ်စံ ၏မိသားစုနှင်ထပ်တူထပ်မြတ်ကြေကွဲဝမ်းနည်းမိပါတယ် ကိုမြတ်စံ.။
ငယ်သူငယ်ချင်းများဖြစ်ကြသောသုံးရောင်ခြယ်ကျောင်းသားများမှာကိုနေတင်မြင့်၊ကိုမိုးကျော်သူ၊
ကိုမိုးမြတ်သူ၊
ကိုထင်ကျော်၊ကိုပါကြီး၊ကိုသက်ဦး၊ကိုဘိုလေး၊ကိုသော်တာ၊ကိုဝင်းသိန်း၊ကိုကြည်တိုး၊
ကိုထွတ်ထွတ်၊ကိုဘုန်းမြင်ထွန်း၊ကိုအက်စကဲ၊ကိုမှုံကြီးနှင့် နှင့်
ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးတာဝန်
ကိုယူခဲ့ပေးသောကိုမော်ကြီး(မင်းမော်လွင်)နှင့်
ညီဖြစ်သော်ကိုအောင်တို့မှလဲထပ်တူထပ်မျှကြေကွဲရပါ
ကြောင်းပြောကြားကြပါသည်..။

ဈာပန ဓာတ်ပုံများကိုလဲထပ်မံဖော်ပြပေးသွားပါမယ်..။

မြတ်လေးငုံ..။

ဆက်ဖတ်မည် ...

Friday, November 6, 2009

ရွှေခမောက်စာစောင်...။...။

ရွှေခမောက်စာစောင်...။...။

ဆက်ဖတ်မည် ...

Sunday, November 1, 2009

ဆက်ဖတ်မည် ...