Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts
Tuesday, March 23, 2010
Friday, February 12, 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...
Labels:
ဓာတ်ပုံ
Monday, December 21, 2009
ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ

ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။
“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။
ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။
Monday, November 30, 2009
ပြည်သူတို့၏ စားဝတ်နေရေးကို မျက်ကွယ်ပြုလျှက် နေပြည်တော်တွင် ဟိုတယ်အသစ်ကြီး ထပ်မံတည်ဆောက်ထား
ပြည်သူတို့၏ စားဝတ်နေရေးကို မျက်ကွယ်ပြုလျှက် နေပြည်တော်တွင် ဟိုတယ်အသစ်ကြီး ထပ်မံတည်ဆောက်ထား

ဖြိုးဝေ-mmp | နိုဝင်ဘာလ၊ (၂၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီး နေပြည်တော်တွင် တည်ဆောက်ထားပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၄င်းဟိုတယ်ဓါတ်ပုံများကို ဝေဝေဆာ ဆာဖော်ပြထားပါသည်။ အဆိုပါ ဟိုတယ်ကို Mount Pleasant Hotel ဟုအမည်ပေးထားပြီး၊ နေပြည်တော်ရှိ ဥတ္တရသီရီမြို့အနီး ဖိုဇောင်တောင်ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဟိုတယ်ဖွဲ့စည်းပုံမှာ ပင်မဟိုတယ် အဆောက်အဦးအပါအဝင် လုံးချင်းဘန်ဂလိုများပါပါဝင်သည်။“အခုလို ဟိုတယ်အကြီးကြီး ဆောက်လိုက်တာဟာ ငွေကုန်ကြေးကျအရမ်းများမှာပါ။ ဟိုတယ်ဆောက်တာ မကောင်းဖူးလို့မပြောလိုပါဖူး၊ ကောင်းပါတယ်။ ဒါပေမယ့် နေပြည်တော်လိုနေရာမျိုးမှာ ဆောက်တာကိုတော့စိတ်ပျက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဟိုတယ်ရဲ့ဘေးမှာတောအုပ်ကြီး၊ ပြည်တွင်းက ဘယ်သူကမှ အကုန်အကျခံပြီးတည်းမှာ မဟုတ်သလို၊ နိုင်ငံခြားသားဧည့်သည်တွေကလဲ နေပြည်တော်မှာ တည်းမှာမဟုတ်လောက်ပါဖူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်ပါသည်။
ရန်ကုန်၊ ပြင်ဦးလွင်၊ မန္တလေးအစရှိတဲ့ မြို့များတွင် တည်ဆောက်ပါက စိတ်ဝင်စားစရာရှုခင်းတွေ၊ သွားလာလည်ပတ်စရာတွေ များစွာရှိသဖြင့် တည်းခိုသူများအား စိတ်ချမ်းမြေ့ဖွယ်ပေးနိုင်မည်ဖြစ်သည်။ ခရီးသွားတစ်ဦးအနေဖြင့် နေပြည်တော်ကို ရွေးချယ်ဖို့ အတော်ခက်ခဲလှပါသည်။ နေပြည်တော်တွင် နိုင်ငံ့ငွေကြေးကို အမြောက်များသုံးစွဲကာ ဟိုတယ်ဇုန်တွင် ဟိုတယ် ပေါင်း (၂၂) ခု တည်ဆောက်ထားပြီးဖြစ်သည်။
“အဆောက်အဦးတွေဆောက်တဲ့ အတွက် ဒီမိုကရေစီရပြီး၊ နောက်တက်မယ့် အစိုးရအတွက် ပြန်လည်အသုံးဝင်လာမှာပါ။ နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေစားဝတ်နေရေး အရမ်းကိုကျပ်တည်းနေချိန်မှာ စစ်အုပ်စုက ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်ဖို့ကို အဓိကထား လုပ်ဆောင်သင့်တယ်လို့ မြင်တယ်”ဟု အရှင်ထာဝရမှ မိန့်ကြားသွားပါသည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး အစိုးရအဖွဲ့ရုံးအပါအဝင် ဝန်ကြီးဌာနများကို ယခင်မြို့တော်ဟောင်း ရန်ကုန်မှ ပျဉ်းမနားမြို့အနီးသို့ ပြောင်းရွှေ့ပြီး နေပြည်တော် မြို့တော်သစ်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူတို့၏စားဝတ်နေရေးကို မျက်ကွယ်ပြုကာ နေပြည်တော်မြို့သစ်အဖြစ် တည်ထောင်ထားသည်မှာ ယခုဆို ၄ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

Sunday, November 22, 2009
Saturday, October 24, 2009
Saturday, October 17, 2009
Subscribe to:
Posts (Atom)