၈၈အရေးအခင်းနောက်ပိုင်းသုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို
တာဝန်ယူနေစဉ်ဒေါ်အောင်ဆန်းစုကြည်၏နောက်တွင်ကိုမြတ်စံ..။
ကိုမင်းကိုနိုင်၏မွေးနေ့တွင်ပါဝင်ခဲ့သောကရင်အကျီင်္အနီနှင့်ကိုမြတ်စံ
၈ရက်နေ့တွင်ရန်ကုန်ဆေးရုးံကြီးအခန်းနံပါတ်(၁၁၊၁၂)။ကုတင်နံပါတ်(၂)တွင်ဆေးရုံးတက်ရင်း
ကွယ်လွန်သွားတဲ့ သတင်းစာဆရာ ဦးမင်းနွယ်ဆွေရဲ့ ဈာပန အခမ်းအနားကိုသားဖြစ်သူ
မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လဲဖြစ် သုံးရောင်ခြယ်ကျောင်းသားလဲဖြစ်တဲ့ ကိုမြတ်စံ လာရောက်ခွင့် ရမယ်မထင်ဘူးလို့
မိသားစုကပြောပါတယ်။
သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်လည်းဖြစ် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်တဲ့ ကိုမြတ်စံကို သူ့ဖခင် မဆုံးပါးခင် အသည်းအသန် ဖြစ်နေချိန်ကတည်းက ထောင်ကို သံကြိုး၇ိုက် အကြောင်းကြားခဲ့သလို ဆုံးပါးချိန်မှာလည်း မြစ်ကြီးနားထောင်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ညီမဖြစ်သူ မသူဇာဝင်းဆွေက ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတဲ့ သတင်းစာဆရာ ဦးမင်းနွယ်ဆွေရဲ့ ဈာပန အခမ်းအနားကို
သားဖြစ်သူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမြတ်စံ လာရောက်ခွင့် ရမယ်မထင်ဘူးလို့ မိသားစုက ပြောပါတယ်။
“မောင်နှမတွေအကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်နေပါတယ်၊ အသည်းအသန် ဖြစ်နေတယ်၊ ဆေးရုံတင်ထားတယ်ဆိုပြီး ရေးတာ။ ရေးပြီး ၂ ရက်နေမှ ဆုံးတာ။ ဆုံးတော့ မနေ့က ထောင်ပိုင်ကြီးဆီကို ဖုန်းဆက်ပြီး ကိုမြတ်စံ ကို အကြောင်းကြားပေးပါလို့ ပြောလိုက်တယ်။” ကိုမြတ်စံကို မြစ်ကြီးနားထောင်ပြောင်းလိုက်ချိန်မှာ ဖခင်ဖြစ်သူ ဦးမင်းနွယ်ဆွေက စပြီး ကျန်းမာရေး မကောင်းချိန်နဲ့ တိုက်ဆိုင်နေတာမို့ ကိုမြတ်စံထောင်ဝင်စာကို မိသားစုက အခုအထိ သွားမတွေ့နိုင်ကြပါဘူး။
ဖခင်ဖြစ်သူက မဆုံးပါးခင်မှာ သားဖြစ်သူ ကိုမြတ်စံကို တွေ့ချင်တဲ့ဆန္ဒ ရှိတယ်လို့လည်းညီမဖြစ်သူက ပြောပါတယ်။ကိုမြတ်စံရဲ့ဖခင်ဖြစ်သူဦးမင်းနွယ်ဆွေဟာ အိုးဝေဂျာနယ်နဲ့ကြေးမုံသတင်းစာ
တွေမှာ ဆောင်းပါးတွေ ရေးသားခဲ့သူ သတင်းစာဆရာ တဦးဖြစ်သလို ပန်းဘဲတန်းမြို့နယ် စာနယ်ဇင်း
အဖွဲ့ရဲ့ နာယက အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ ကိုမြတ်စံရဲ့မိခင်ဖြစ်သူက ဆိုဗီယက်ပြန် အကနည်းပြ ဆရာမကြီး ဒေါ်ဝင်းဝင်းဝါဖြစ်ပြီး ညီဖြစ်သူ ကိုစိုးနိုင်တို့က နိုင်ငံရေးအကျဉ်းသား ကျောင်းသား
ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
ကျမ မြတ်လေးငုံ ကလဲ ကိုမြတ်စံ ၏မိသားစုနှင်ထပ်တူထပ်မြတ်ကြေကွဲဝမ်းနည်းမိပါတယ် ကိုမြတ်စံ.။
ငယ်သူငယ်ချင်းများဖြစ်ကြသောသုံးရောင်ခြယ်ကျောင်းသားများမှာကိုနေတင်မြင့်၊ကိုမိုးကျော်သူ၊
ကိုမိုးမြတ်သူ၊ကိုထင်ကျော်၊ကိုပါကြီး၊ကိုသက်ဦး၊ကိုဘိုလေး၊ကိုသော်တာ၊ကိုဝင်းသိန်း၊ကိုကြည်တိုး၊
ကိုထွတ်ထွတ်၊ကိုဘုန်းမြင်ထွန်း၊ကိုအက်စကဲ၊ကိုမှုံကြီးနှင့် နှင့်
ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးတာဝန်ကိုယူခဲ့ပေးသောကိုမော်ကြီး(မင်းမော်လွင်)နှင့်
ညီဖြစ်သော်ကိုအောင်တို့မှလဲထပ်တူထပ်မျှကြေကွဲရပါကြောင်းပြောကြားကြပါသည်..။
ဈာပန ဓာတ်ပုံများကိုလဲထပ်မံဖော်ပြပေးသွားပါမယ်..။
မြတ်လေးငုံ..။
Showing posts with label ကြေကွဲမှတ်တမ်း. Show all posts
Showing posts with label ကြေကွဲမှတ်တမ်း. Show all posts
Monday, November 9, 2009
သုံးရောင်ခြယ်ကျောင်းသားကိုမြတ်စံ၏ဖခင် ဦးမင်းနွယ်ဆွေရဲ့ ဈာပန ဖိတ်ကြားစာ နှင့်ဝမ်းနည်းမှတ်တမ်း။..။
Labels:
ကြေကွဲမှတ်တမ်း
Subscribe to:
Posts (Atom)