Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, March 4, 2010

ခွပ်ဒေါင်းတို့၏ အားမာန် ( သို့ ) သူရဲကောင်းတို့၏ အတွေးအမြင်ခံယူချက်များ

ဆက်ဖတ်မည် ...

Saturday, December 26, 2009

ရာဇဝင်ရိုင်းတဲ့သား....

Aung San Oo

ဆက်ဖတ်မည် ...

Saturday, December 5, 2009

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)
(ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)
ဘာသာပြန်သူ - နိုင်းနိုင်းစနေ

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေ ပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာ ဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့ အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက (၈)မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း (၈)မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲ ဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။ ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့်
အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။ ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့ နောက်မှာပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းကသူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။ လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။ (၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။ (၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။ တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။ အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)(微笑,當生命陷落時 總數是一樣的) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)

ပြန်လည်မျှဝေသူ ဖြိုးဝေ mmp

ဆက်ဖတ်မည် ...

Sunday, October 25, 2009

ဒီမိုကရေစီအစစ်လိုချင်လျှင် ( ဆောင်းပါး )

ဒီမိုကရေစီအစစ်လိုချင်လျှင် ( ဆောင်းပါး )

ဆက်ဖတ်မည် ...

Sunday, October 18, 2009

အဆိပ်ခွက်ကို မှောက်ပစ်ရဲရမယ်

(၁)

၂ဝ၁ဝ ထဲမှာ ရွေးကောက်ပွဲကို နအဖ က ဇွတ်လုပ်တော့မယ်။
အဲဒီရွေးကောက်ပွဲအပေါ်ကို ဘယ်လိုသဘောထားမလဲ။
ဒီမေးခွန်းကို ကျနော်တို့အားလုံး ဖြေကြရလိမ့်မယ်။
တိုင်းပြည်ကို ချစ်သူ၊ လူမျိုးစုံ မြန်မာပြည်သူတွေကို ချစ်သူ၊ မိမိရဲ့ ဂုဏ်သိက္ခာနှင့် မိမိရဲ့ အနာဂတ်ကို ချစ်သူ ဘယ်သူမဆို ဒီမေးခွန်းကို ဖြေကြရလိမ့်မယ်။

(၂)

ဒီရက်ပိုင်းမှာ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေတွေ တော်တော်များများ ကြားကြရ၊ ဖတ်ကြရလိမ့်မယ်ထင်ပါတယ်။
အဖြေတွေက အမျိုးမျိုးပဲ။
တချို့အဖြေတွေက အစမှာ ဆင်သလိုလိုနှင့် နောက်ပိုင်းကျ ကွဲသွားတာတွေလည်း တွေ့ရတယ်။ အစပိုင်းမှာ ကွဲသလိုလိုနှင့် နိဂုံးချုပ်မှာ ပြန်တူသွားတာတွေလည်း တွေ့ရတယ်။
ဘာပဲပြောပြော ချုပ်ကြည့်လိုက်ရင် . . .
အဖြေက (၂)မျိုးတည်းပါပဲ။
တမျိုးက နအဖ ရွေးကောက်ပွဲကို လက်မခံတာ၊ ဆန့်ကျင်တာ၊ ထည့်ကို မစဉ်းစားတာ။ ဒါက အများစု။
နောက်တမျိုးက နအဖ ရွေးကောက်ပွဲကို ကြိုဆိုတာ၊ လက်ခံတာ၊ ထောက်ခံတာ။ ဒီအဖြေမျိုးက နှိုင်းယှဉ်ချက်အရ အနည်းစု။
အဲဒီကြိုဆိုကြ၊ လက်ခံကြ၊ ထောက်ခံကြတဲ့ သူတွေဆိုရင်လည်း . . .
သူတို့ ဘာကြောင့် ဒီလို ဆုံးဖြတ်ရ၊ အဖြေပေးရသလဲဆိုတာကိ အကျိုးအကြောင်းတွေ ပြောပြကြ၊ သက်သေတွေထူကြနှင့် စကားတတ် ရင် တတ်သလို၊ စကားပြောကောင်းရင် ကောင်းသလို သွယ်ကာ ဝိုက်ကာ ပြောကြ ရှင်းပြကြပေါ့။
ကျမ်းကြီးပေါက်များကလည်း ဟိုစကားလုံးတွေ ထုတ်သုံး၊ ဒီစကားပိုဒ်တွေ ထုတ်သုံး၊ ဟိုဟာတွေ ဥပမာပေး၊ ဒီဟာတွေ ဥပမာပေးနှင့် အကိုးအကားတွေနှင့် ဝေဝေဆာဆာပေါ့ဗျာ။ သူတို့ ဆုံးဖြတ်တာ၊ သူတို့ ရွေးချယ်တာဟာ တရားနည်းလမ်းကျကြောင်း၊ လက်တွေ့ဘဝနှင့် အဟတ် ညီကြောင်း ရှင်းကြ၊ လင်းကြပေါ့။


(၃)

ကွဲလွဲတာ တယောက်နှင့် တယောက်မတူနိုင်တာက သဘာဝကျပါတယ်။
ဒါက အဆန်းမဟုတ်ပါဘူး။ ကိုယ်ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တင်ပြကြရင်း ရိုးရိုးသားသား ကွဲလွဲကြ တာ၊ ဒါက သဘာဝပါ။
လွတ်လပ်အေးချမ်းစွာ ဒီလိုပဲ ကွဲလွဲလိုက်ကြတာပေါ့။ ဒါကိုက ဒီမိုကရေစီရဲ့ အနှစ်သာရပဲလေ။
အဲဒီလို ရိုးရိုးသားသား ကွဲလွဲနေတဲ့ သူတွေကို ညှိနှိုင်းချင်ရင်၊ အကူအညီပေးချင်ရင် ကျနော်တို့ စဉ်းစားနိုင်တာက . . .
သူရရှိထားတဲ့အချက်အလက်က မစုံလို့လား။
ကြည့်မြင်တဲ့ ဒေါင့်ကပဲ မပြည့်မစုံ ဖြစ်ပြီး တခြမ်းပဲ့အမြင်၊ တဖက်သတ်အမြင် ဖြစ်နေလို့လား။
အကြံပြုကြည့်၊ ဆွေးနွေးကြည့်၊ ဖလှယ်ကြည့် ဒီလို လုပ်ကြည့်နိုင်ပါတယ်။
ဒါလည်း တဖက်က ကြိုဆိုရင် လက်ကမ်းရင်ပေါ့လေ။
ကိုယ့်ရဲ့ သိရှိနားလည်ထားမှုတွေကို ရိုးသားစွာပဲ ဖလှယ်တဲ့ ( လုပ်ကြည့်တဲ့) သဘောပါ။ လုပ်ကြည့်သည့်တိုင်အောင် ဆက်ပြီး ကွဲလွဲမြဲ ကွဲလွဲနေနိုင်ပါသေးတယ်။ ဒါလည်း သူ့အခွင့်အရေးပဲပေါ့၊ ကွဲလွဲပါစေ။
ကွဲလွဲတဲ့သူတွေထဲမှာ နောက်တမျိုးက ဒီလို . . .
ကိုယ်ကိုယ်တိုင်ကလည်း မယုံကြည်ဘဲနှင့်
မဖြစ်သင့် မဖြစ်ထိုက်တာကလည်း သေချာနေရက်နှင့်
ဒါတွေကိုလည်း ခရေစေ့တွင်းကျကို သိသိကြီးနှင့်
အကျိုးစီးပွားလေး နှစ်ပြား တပဲ မက်ပြီး ကိုယ်ကိုယ်တိုင်လည်း အမြီးဖြတ်၊ သူများကိုလည်း အမြီးဖြတ်ဖို့ အဖော်ညှိဆိုတဲ့လူမျိုး။ အဲဒီလို လူမျိုးဆိုရင်တော့ ခက်ပြီ။
ကျနော်တို့ ဘယ်လိုမှ ကူလို့မရတော့ဘူး။
သူက မျက်စိလည်နေသူ သက်သက်မဟုတ်တော့ဘူး။
ရိုးရိုးမျက်စိလည်နေသူက လမ်းညွှန်လို့ရတယ်။
လမ်းညွှန်တဲ့သူကိုလည်း မျက်စိလည်နေသူက ကျေးဇူးတင်တတ်တယ်။ (အိပ်ပျော်နေသူ နှိုးလိုက်ပါ ဆိုတာမျိုး)
စောစောက လူမျိုးတွေကျ မျက်စိလည်တာ မဟုတ်တော့ဘူး။
လူထုမျက်နှာထက် တဦးချင်းအကျိုးစီးပွား အသိမ်အဖျင်းလေးကိုပဲ ကမ္ဘာတည်မယ့် စည်းစိမ်ကြီးသဖွယ် မှောက်မှား မက်မောပြီး တရား တခု ထူထောင်တာ။ လူလည်ကျတာ ဖြစ်သွားပြီ။
ဒီလိုအမျိုးအစားက ဘယ်လိုမှ ကူလို့ကုလို့မရတဲ့ အမျိုးအစား။ သူတို့အတွက်ကျတော့ ဆေးက သိပ်ကိုရှားသွားပြီ။

(၄)

ထားတော့။
အမြင်မှောက်မှားသူများရော
ကိုယ်ကျိုးစီးပွားအတွက် အ ချင် နုံချင်ယောင်ဆောင်ပြီး လူလည်ကျနေသူများရော
ကြိုက်ရာလမ်းရွေးချယ်ကြပါ။
ခင်ဗျားတို့ စိတ်နှင့် ခင်ဗျားတို့ ကိုယ်။
လွတ်လပ်စွာ ရွေးချယ်ကြတော့။
‘ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းရလိမ့်မယ်’ဆိုတဲ့ တရားကို ခင်ဗျားတို့ တခါတရံပဲဖြစ်ဖြစ် သတိရနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

(၅)

ကဲ . . . ကိုယ့်အကြောင်းကိုယ်ပြောကြစို့။
ကျနော်ကတော့ နအဖ ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ဘူး။
ဘာကြောင့်လဲ . . .
၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်းပြောရင် ၂ဝဝ၈ နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းစပြောမှ ပြည့်စုံမယ်။
၂ဝဝ၈ နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော့်အနေနဲ့ ဘယ်လိုနည်းနှင့်မှ လက်မခံနိုင်ဘူး။
စတင်ကျင်းပပုံ၊ ညီလာခံကိုယ်စားလှယ်ရွေးချယ်ပုံ၊ ညီလာခံရဲ့ ဦးတည်ချက်၊ ညီလာခံ ကျင်းပပုံအဆင့်ဆင့်၊ အခြေခံမူ ချမှတ်မှု၊ အဲဒီ အခြေခံမူတွေနှင့် ဖွဲ့စည်းပုံမူကြမ်းကို ရေးသားပုံ၊ ပြီးတော့ တရားနည်းလမ်းမဲ့စွာ အတည်ပြုခဲ့ပုံ စသည်ဖြင့် . . .
ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကိုရော
ဖွဲ့စည်းပုံထဲမှာပါတဲ့ စစ်အာဏာရှင်စနစ် ထာဝစဉ် တည်မြဲရေး အနှစ်သာရတွေကိုပါ တစက်ကလေးမှ လက်မခံနိုင်ဘူး။
ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ(၂ဝဝ၈)ကို အသက်သွင်းအတည်ပြုမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်နည်းနှင့်မှကို လက်မခံနိုင်တာဖြစ်ပါတယ်။ အသိအမှတ်လည်း မပြုဘူး။ ထောက်ခံဖို့နေနေသာသာ ပြောရရင် ထည့်တောင်မစဉ်းစားဘူး။

(၆)

ဒါဖြင့် ဘာလုပ်မလဲ။

ဘာလုပ်မလဲ ဆိုတဲ့ ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စုံညီအစည်းအဝေးခေါ်ပြီး ၂ဝဝ၉ ဧပြီလ ၂၈၊ ၂၉ မှာ ကတည်းက အတိ အလင်းပြောခဲ့ပြီ။

သူ့ပြောပြချက်အပြည့်အစုံကို ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ထဲမှာ အတိအကျ ဖော်ပြခဲ့ပြီးပြီ။
အဓိကအားဖြင့် ဒီ (၄)ချက်ကို နအဖက မဖြစ်မနေ လုပ်ရလိမ့်မယ်။
၁။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရလိမ့်မယ်။
၂။၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနှင့် အသိအမှတ်ပြုရမယ်။တနည်းအားဖြင့် ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ်။
၃။တွေ့ဆုံဆွေးနွေးအဖြေရှာရမယ်။
၎။နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ကို ပြန်လည်သုံးသပ်ပြင်ဆင်ကြရလိမ့်မယ်။
မိတ်ဆွေ . . .
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုတာ သဘောတူရဲ့လား။
တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူတရပ်လုံးရဲ့ အကျိုးကို ရှေု့တဲ့သူ ဘယ်သူမဆို သဘောတူနိုင်တဲ့ တူကြရမယ့် တောင်းဆိုမှုတွေပါ။
လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းအရပ်ရပ်ကို ဖြေရှင်းမယ်ဆိုရင် ပထမဦးဆုံး နှင့် မဖြစ်မနေ လုပ်ကြရမယ့် လုပ်ငန်းစဉ် (၄)ရပ်က ဒီ (၄)ချက်ပါပဲ။
ဒီ (၄)ချက်ကို လုပ်ရင် အမှန်တကယ် ဖြေရှင်းနိုင်မယ်။
ဒီ (၄)ချက်ကို ငြင်းရင် မဖြေရှင်းနိုင်တဲ့အပြင် ဒီ့ထက်ဆိုးတဲ့ကြမ္မာရိုင်းတွေနှင့် မုချတိုးရလိမ့်မယ်။
ဒါ ဗေဒင်ဟောတာ မဟုတ်ဘူး။
ဒါ့ကြောင့် ယတြာချေလို့မရဘူး၊ ယတြာချေတာလိုလို၊ အင်းကွက်ကို ပြာချပြီး သောက်တော့မှာလိုလို လုပ်ပြရုံနှင့် ကျော်လွှားသွားနိုင်မှာ မဟုတ်ဘူး။
မစ္စတာ ဂျင်ဝက်ကို ပြေးကပ်တာလိုလို
အကျဉ်းသား ၇၁၁၄ ယောက် လွှတ်ပေးလိုက်ပါပြီဆိုပြီး အပြုသဘောပဲ ဆောင်ပြတော့မှာလိုလို

ဗိုလ်သိန်းစိန် ကိုယ်တိုင် UN ပြေးတက်ပြီး လူရာဝင်ကြောင်း ကော်လာထောင်ပြတာလိုလို US နှင့်ပဲ တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်းတွေ လုပ်တော့မှာလိုလို
ဗိုလ်အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပေးပြီး တခုခုပဲ အစပြုတော့မှာလိုလို
ဟန်ရေးပြနေရုံနှင့်လည်း ပွဲကပြီးသွားမှာ မဟုတ်ဘူး။
တကယ့်စိတ်ရင်းနှင့် လုပ်ကြရမှာ။ ညာနေရုံ ဟန်ဆောင်ပြနေရုံနှင့် မရနိုင်ဘူး။
မြန်မာနိုင်ငံရဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်တဲ့ အငြိမ်းချမ်းဆုံး နည်းနာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြထားတဲ့ ဒီလုပ်ငန်းစဉ် (၄)ရပ်ကလွဲရင် အခြားနည်းနာမရှိပါဘူး။
ဒီ (၄)ရပ်ကို စိတ်ရော ကိုယ်ပါ လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာ ပြည်သူတရပ်လုံးဘက်က ရပ်မှာလား၊ စစ်အုပ်စု အာဏာတည်မြဲ ရေး ဘက်က ရပ်မှာလားဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲလို့ ကျနော်ပြောချင်တယ်။

(၇)

နအဖ အနေနဲ့ ဘယ်သူ့ကိုပဲ မျက်နှာလို မျက်နှာရ လုပ်လုပ်၊ ဘယ်သူ့ပဲ ပြေးကပ်ကပ် ကျနော်တို့အတွက် အဖြေမဟုတ်ပါဘူး။
ပြည်သူလူထုရဲ့ အကျိုးစီးပွားကို စိတ်ရောကိုယ်ပါ မျက်နှာ မမူသေးသရွေ့၊
နအဖ က ရွှေဂုံတိုင် ကြေညာစာတမ်းပါ ဒီ လုပ်ငန်းစဉ် (၄)ရပ်ကို မလုပ်သေးသရွေ့၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ထဲက ဒီမိုကရေစီ မဆန်တဲ့ အပိုင်းတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း မလုပ်သေးသရွေ့၊
မရောင်ရာဆီလူးတွေ ဘာတွေပဲ လုပ်နေနေ၊
‘နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို စာရင်းထဲတောင် မထည့်ဘူး’ဆိုတာ လူထုကို တန်ဖိုးထားသူတိုင်း၊ မိမိဂုဏ်သိက္ခာနှင့် မိမိအနာဂတ် ကို တန်ဖိုးထားသူတိုင်းရဲ့ သန္နိဌာန်ဖြစ်ကြရလိမ့်မယ်။
ပြီးရင် . . .
အဲဒီ သန္နိဌာန်ကို အပီအပြင် အကောင်အထည်ဖော်ဖို့ အလုပ်တွေ ပြင်ကြရလိမ့်မယ်။
အဲဒီအလုပ်တွေဟာ လွယ်ကူတဲ့ ကိစ္စတွေမဟုတ်ဘူးဆိုတာ လူတိုင်းသိနိုင်ပါတယ်။
ဒါပေမယ့် ကျနော်တို့ မုချ လုပ်ကြရလိမ့်မယ်။
ရေကြည်ကို သောက်ချင်ရင်တော့ ရေတွင်းကို အချိန်အခါရှိတုန်း ကြိုးစားပြီး တူးကြရလိမ့်မယ်။ ။

ဇွန်မှိုင်း
၎၊ ၁ဝ၊ ၂ဝဝ၉။

ဆက်ဖတ်မည် ...

Friday, October 16, 2009

*အကျဉ်းသားဟောင်းကိုဘိုနီအောင်*. အမှတ်တရ

*အကျဉ်းသားဟောင်းကိုဘိုနီအောင်*.သူနဲ့ပါတ်သက်တဲ့အကြောင်းလေးရေးမယ်လို့စိတ်ကူးမိတာနဲ့ရေး
လိုက်ပါတယ်.ကိုဘိုနီအောင်ကိုသူထောင်ကထွက်လာမှမြင်ဘူးပါတယ်.ဘာလမ်း(မူဆလင်)ဆေးရုံမှာပါ. သူဆေးရုံတက်ရတယ်ဆို့လို့ ကျမအမျိုးသားနဲ့တူတူရောက်ခဲ့တာပါ. သူကိုမမြင်ဘူးပေမဲ့ သူအတွက်ဆေးတွေ
ကိုတော့ ကျမအလှူခံပေးဘူးပါတယ်.။

သူကိုတွေတော့တော်တော်ကျန်မားရေးမကောင်းပါဘူး.စကားကိုကောင်းကောင်းမပြောနိုင်ဘူး.ကျမနဲ့သူကို
မိတ်ဆက်ပေးတဲ့ကျမအမျိုးသားကိုသူကကြိုပြီးကျမနံမည်ကိုပြောပြပါတယ်.ကျမကတော့သူကိုကြည့်ပြီးစိတ်
မကောင်းပါဘူး.ခနနေတော့သူအမကြီးရောက်လာပါတယ်.သူအမကြီးနဲ့ကတော့ထောင်ဝင်စာတွေမှာတွေ့နေ
ကြပါ. အဲတော့မှအမနဲ့စကားပြောပြီးနေကြတာပေါ့.။

ကိုဘိုနီအောင်ဆေးရုံကိုလဲသူရဲ့သူငယ်ချင်းတော်တော်များများလာကြတယ်.လူနာလဲစကားတွေပြောရလို့
မောနေမှာဘဲလို့တောင်ကျမကပြောမိပါသေးတယ်.သူရဲ့သူငယ်ချင်းတွေသူရှိလာတာကိုသူပျော်နေပုံရပါတယ်.
ပြုံးနေတာပါဘဲ.ကျမတို့လဲနောက်နေ့ပြန်လာခဲ့မယ်ဆိုပြီးသူ့ကိုနူတ်ဆက်ပြီးပြန်ခဲ့ကြပါတယ်.အောက်ရောက်
တော့ထောင်ထဲကသူ့သူငယ်ချင်းတွေထပ်လာတွေ့ကြပါတယ်.ကျမအမျိုးသားကတော့ကိုဘိုနီအောင်ကို
တွေ့ပြီးပြန်လာတော့ မျက်နှာမကောင်းဘူးတော်တော်လေး စိတ်ထိခိုက်နေပုံပါဘဲ.။

ကိုဘိုနီအောင်ကိုကြည့်ရတာ(HIV)ရောဂါကိုခံစားနေရတဲ့လူတယောက်လို့ဘဲနော်လို့ကျမအမျိုးသားကို
ပြောပြလိုက်တယ်.ကျမအမျိုးသားကဟုတ်တယ်.ဆိုပြီးတော့ကိုဘိုနီအောင်အကြောင်းလေးတွေပြောပြခဲ့
ပါတယ်.ကိုဘိုနီအောင်ကခင်ဘို့ကောင်းတယ်.ထောင်ထဲမှာလဲ အေးအေးနေတာ.ဘာပြသနာမှမရှိဘူး.

သူကိုအမိန့်ချတာအနှစ်(၂၀).သူနေရတာကတော့(၁၀)နှစ်လို့ပြောပြပါတယ်.သူ့ပုဒ်မကတော့၁၇(၁)လို့
ပြောပြခဲ့တယ်.တောတွင်းဆက်သွယ်မှုပေါ့.သူကိုစစ်ကြောရေးလုပ်တုံးကတော်တော်ကိုညှင်းပန်းခံခဲ့ရတယ်
လို့လဲပြောပြပါတယ်. ကြင်စက်တွေနဲု့တို့ပြီး စစ်ကြောရေးမှာ စစ်ခံခဲ့ရပါတယ်.ခနခနစစ်ပါများ
တော့သူ့ရဲ့ အာရုံကြော တွေကမခံနိုင်တော့ဘူးပေါ့.တဖြေးဖြေးနဲ့ သူအကြောတွေက အလုပ်မလုပ်
တော့ပါဘူး.။

နောက်တော့သူက(တက်)တဲ့ရောဂါတွေဖြစ်လာတယ်.အာရုံကြောဆေးတွေသောက်ရတယ်.ကျမကိုယ်တိုင်
သူအတွက်ဆေးတွေကိုဆရာဝန်တော်တော်များများရှိကတောင်းပေးခဲ့ဘူးပါတယ်.နောက်တော့သောက်ဆေး
တွေကမတိုးတော့ပါဘူး.ထိုးဆေးထိုးမှသက်သာခဲ့ပါတယ်.သူတက်နေတဲ့အချိန်ဆိုရင်သူကိုဝိုင်းဖိရတာ လူလေးငါးယောက်ကိုဖိရပါတယ်.ဂယောင်ကတန်းတွေပြောသူပြောတဲ့အချိန်ဆိုလဲသူကို့စစ် နေတုံးကသူဖြေခဲ့တာ တွေကိုပြန်ပြောလေ့ ရှိတယ်လို့လဲ ကျမအမျိုးသားကပြောပြပါတယ်.။

ဆေးတွေကိုခနခနအထိုးခံခဲ့ရတဲ့ကိုဘိုနီတယောက်ထောင်ထဲကထွက်လာတာနဲ့သူနဲ့တူတူရောဂါပါ ပါလာခဲ့တယ်လေ.အဲဒီရောဂါကတော့လူတိုင်းသိပ်ကိုကြောက်ကြတဲ့(HIV)ရောဂါပါဘဲ.စစ်အစိုးရလုပ်ရပ်
တွေပေါ့.ထောင်ထဲမှာဆေးဝါးကုသခံယူဘို့တော်တော်ကြောက်ဘို့ကောင်းပါတယ်.လူတွေကိုလူလို့မဆက်ဆံ
နိုင်ငံရေးအကျဉ်းသားတွေ ဘဝကတော်တော်ကို ရင်နာဘို့ ကောင်းပါတယ်.။

နေထိုင်မကောင်း ဖြစ်နေရင်တောင် မှရောဂါတခြား ဆေးတခြားနဲ့ ကုသခံရတာပါ.အစာအစားဆိုလဲသန့်ရှင်း
မှု မရှိ တကိုယ်ရေ သန့်ရှင်းရေးလုပ်ဘို့ အတွက်တောင်မှ ရေကိုပုံစံနဲ့ ချိုးခိုင်းသေးတယ်.အိမ်ကထောင်ဝင်
စာ လာရင် ဆေးတွေကိုမှာ ဆေးထိုးအပ်တွေကိုမှာ တခါခါကြတော့ ပေးလို့ရတာပေါ့ တခါခါကြပြန်
တော့လဲသလာဆီတော့ပြန်သိမ်းခံရတာပါဘဲ.သလာဆီတယ်ဆိုတာက(ထောင်ပိုင်ကနေပြီးတခန်းဝင်
တခန်းထွက်စစ်ဆေးရေးလုပ်တာ)ကိုပြောတာပါ။.


အကျဉ်းသားတွေဘဝကတော့တော်တော်ဆိုးရွာပါတယ်.ကောင်းတဲ့အချိန်ဆိုတာတော့ရှိခဲ့ပါတယ်.ခနပါဘဲ.
နောက်တော့လဲ ဒီပုံစံပြန်ဖြစ်တာပါဘဲ.ကိုဘိုနီအောင်ကို ဒီရောဂါဆိုးကြီးကို ပေးခဲ့တာကတော့အင်စိန်
ထောင် ကြီးပါဘဲ.ဆေးမှူးတွေက ထောင်ထဲ မှာမူယစ်ဆေးဝါး မှုတွေနဲ့ရောက် နေကြတဲ့ လူတွေ
ကိုလဲဒီအပ်တွေနဲ့ဆေးထိုးသူတို့ထိုးပြီးသားအပ်တွေနဲ့ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလဲပြန်ထိုး
(HIV)ရောဂါဆိုးကြီးက တဆင့်ပြီးတဆင့်ကူးစက်ပြန့်နှံ နေခဲ့တာပေါ့၊

ကျမကိုကိုဘိုနီအောင်အကြောင်းပြောပြနေတဲ့ကျမအမျိုးသားလဲသူရဲ့ခံစားချက်တွေကိုပြောပြနေခဲ့ပါတယ်.
နောက်တရက်ဘာလမ်းဆေးရုံကိုကျမတို့လင်မယားနှစ်ယောက်ရောက်တော့ကိုဘိုနီအောင်ဆေးရုံက
ဆင်းခွင့်ပေးလိုက်ပါပြီး.ဆင်းရင်အကိုဘယ်မှာနေမလဲဆိုပြီးမေးတော့ကိုညီ(ဗကသ)တို့အိမ်မှာနေမယ်ဆိုပြီး
သူပြောခဲ့တယ်.ကိုညီအိမ်လိပ်စာလေးကိုယူပြီးတော့စကားခနပြောသူလဲအိမ်မှာနေရမယ်ဆိုတော့တော်
တော်လေးမျက်နှာတွေကလန်းနေပါတယ်.ကျမတို့လဲ သူကိုနူတ်ဆက်ပြီးပြန်လာခဲ့ကြတယ်။.

သူရှိမရောက်ဖြစ်တာတပါတ်လောက်ကြာသွားပါတယ.်ရောက်တဲ့နေ့မှာသူတော်တော်ရောဂါဆိုးနေပါပြီး သူကိုကူညီပေးတဲ့ ကိုညီတို့လင်မယားရယ် နောက်မသန်းမြင့်အောင်(စာရေးဆရာမ)ထွန်းထွန်းနဲ့ဖိုးသာထူး
တို့ကဘေးနားမှာပါ.ကိုဘိုနီအမကြီးကသူကိုရေသောက်ချင်တယ်ဆိုလို့တစက်တစက်နဲ့တိုက်နေပေးပါတယ်.
သူကို သတ်သတ် အိမ်ဌားပေးမလို့တိုင်ပင်နေကြတာပါ.သူအတွက် အိမ်လိုက်ရှာ နေကြတာပါကျန်တဲ့
သူငယ်ချင်းတွေ လဲကူညီကြပါတယ်။.

နောက်တော့ကျမတို့နေတဲ့လမ်းထဲမှာဌားဖြစ်ခဲ့ပါတယ်.ကျမတို့အိမ်နဲ့အပေါ်ထပ်အောက်ထပ် ပါဘဲ.တတိုက်ထဲတော့မဟုတ်ပါဘူး ဘေးကတိုက်မှာပါ.သူအတွက်လိုတာတွေ အိမ်ကယူပေးသူတို့နေဘို့
အတွက် ဧည့်စာရင်းတွေ လုပ်ပေး နောက်တော့ (ကိုမိုးဝင်း .မဒုံ )တို့လင်မယားကလဲကူညီပါတယ်.
ကျောက်မြောင်းထဲမှာ နေခဲ့ကြတာပါ.။

မသန်းမြင့်အောင်ကပင်တိုင်ပါဘဲကူညီပေးတာနောက်ဖိုးသားထူးနဲ့ထွန်းထွန်းတို့လဲပင်တိုင်ပါဘဲ.ကျမတို့
လမ်းထဲမှာသိပ်မနေလိုက်ရပါဘူးတလကျော်ကျော် လေးမှာဘဲ.ကိုဘိုနီအောင်ဆုံးသွားပါတယ်.
သူမသေခင်မှာဝေဒနာကိုတော်တော်လေးခံစားသွားရပါတယ်.သူကိုကြည့်ပြီးဘေးကနေသနား
လိုက်တာဘာမှမစားနိုင်ဘူး နောက်ရေတောင် မသောက်နိုင်ပါဘူး.အသက်ထွက်တဲ့အထိပါဘဲ.။

(၁၂.၆.၂၀၀၁)မနက်၆နာရီကျော်ကျော်မှာသူဆုံးသွားခဲ့ပါတယ်.သူရဲ့ဈာပနကိုနေချင်ဘဲလုပ်ခဲ့ကြပါတယ်.
ထောင်ထွက်နိုင်ငံရေးအကျဉ်းသားတော်တော်လူစုံလာကြပါတယ်.သာကေတက(လယ်ရွာ)မှာမီးသဂြိုလ်
လိုက်တယ်.နောက်ရက်လည်ဆွမ်းကျွေးလုပ်တော့လဲ.ကိုညီ(ဗကသ)ရဲ့အမျိုးသမီးကကိုယ်တိုင်မုန့်ဟင်းခါး
ချက်ပေးခဲ့ပါတယ်.ကိုဘိုနီအောင်တယောက် နောက်ဘဝ တွေမှာဒီလို အဖြစ်ဆိုးမျိုးနဲ့
မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း......။
*အကျဉ်းသားဟောင်းကိုဘိုနီအောင်*အကြောင်းလေးကိုအမှတ်တရရေးရင်နဲ့ကိုဘိုနီအောင်ကိုဒီပို့စ်လေးနဲ့
လေးစားစွာဖြင့်ဂုဏ်ပြုလိုက်ပါတယ်..။



မျှဝေခံစားနိုင်ပါစေ.


မြတ်လေးငုံ...။

ဆက်ဖတ်မည် ...

Thursday, October 15, 2009

သမာသမတ် ရေးသားသော ဆောင်းပါး နှစ်ပုဒ်

လူသတ်သမား ပညာမဲ့လူမိုက် နှင့် နိုင်ငံတော်၊
စစ်အာဏာရှင်လက်ထက် နိုင်ငံရေး အစစ်၊ နိုင်ငံရေးအတု - ဆောင်းပါးနှစ်ပုဒ်

သမာသမတ် ဆောင်းပါး နှစ်ပုဒ်

ဆက်ဖတ်မည် ...